• Vanina Butori

    Vanina Butori

    Founder & Managing Partner

    Vanina Butori / Founder & Managing Partner

    Vanina သည် ဝန်ထမ်းစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေရေးရာ အကြောင်းအရာများ၊ လူမှုရေး ဆွေးနွေးမှုများ၊ အုပ်ချုပ်ရေး စီမံခန့်ခွဲမှု၊ လုပ်ခလစာပေးခြင်း၊ လျော်ကြေးနှင့် အကျိုးခံစားခွင့် အစရှိသည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲ မှုကိစ္စရပ်များတွင် အတွေ့အကြုံများစွာ ရှိသည်။ ဘဏ်လုပ်ငန်းများ၊ ရေတပ်ကာကွယ်ရေးကဏ္ဍ၌ ရုံးချုပ်တွင်သာမက ဆောက်လုပ်ရေးလုပ်ငန်းခွင်များအထိ ပါဝင်လုပ်ကိုင်ခဲ့ဖူးသည့်အတွက်ကြောင့် အကြီးစားနှင့် အသေးစားအဆင့်ရှိ စီးပွားရေးဆိုင်ရာ ပြဿနာရပ်များကိုမည်သို့မည်ပုံကိုင်တွယ်ဖြေရှင်းမည်ကို အခိုင်အမာနားလည်သဘောပေါက်သူ တစ်ဦးဖြစ်သည်။ Vanina သည် စက်ရုံများပိတ်သိမ်းခြင်းနှင့် လုပ်အားလျှော့ချခြင်း အစရှိသည့် ဖြစ်ရပ်များ၌ ဝန်ထမ်းမြောက်များစွာပါဝင်သော အသင်းအဖွဲ့များအတွက် ဦးစီးဦးဆောင်ပြုဖြေရှင်းပေးသည့် ပြောင်းလဲမှုဆိုင်ရာ စီမံခန့်ခွဲခြင်းတွင်လည်း ကျွမ်းကျင်သူဖြစ်သည်။

    Vanina သည် အလုပ်သမားဆိုင်ရာဥပဒေ၊ လူစွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု နှင့် မနုဿဗေဒဘာသာရပ် များတွင်လည်း မဟာဘွဲ့ ရရှိခဲ့သူ ဖြစ်သည်။

    picto Linkedin
  • မှုန်ပီ

    မှုန်ပီ

    Manager of The Lab

    မှုန်ပီ / Manager of The Lab

    မှုန်ပီး သည် မြန်မာနိုင်ငံ အတွင်းရှိ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေး လုပ်ငန်း များ စီးပွားရေး စွမ်းဆောင်ရည် မြင့်တင်ရေး နှင့် ဗဟုသုတ များ တိုးတက်ရေးအတွက် ပါဝင်လုပ်ဆောင်ခဲ့သည်မှာ ၅ နှစ်ကျော်ကြာ ပါဝင်ခဲ့ပါသည်။ မြန်မာ နိုင်ငံ အတွင်း ရှိ အသေးစား အလတ်စား စီးပွား‌ရေး လုပ်ငန်းများ ဖွဲ့ဖြိုး တိုးတက်ရေး ကဏ္ဍ တွင် သူ၏ အတွေ့အကြုံ များ အား နိုင်ငံတကာ ဖွဲ့ဖြိုးရေး အေဂျင်စီများ ဖြစ်တဲ့ ဗြိတိသျှ ကောင်စီ မြန်မာ၊ ဂျီအိုင်ဇစ်မြန်မာ (ဂျာမန် ဖွဲ့ဖြိုးရေး အေဂျင်စီ)နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ တို့ တွင် လုပ်ဆောင်ခဲ့ပါသည်။ ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍများ ဖွဲ့ဖြိုး တိုးတက်ရေး တွင် အလုပ်လုပ်ဆောင် ခဲ့စဉ်အတွင်း မြန်မာနိုင်ငံအတွင်း ရှိ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်း ရှင်များ အတွက် စီးပွားရေး သုတေသနလုပ်ငန်းများ၊ မဟာဗျူဟာအတိုင်ပင်ခံ လုပ်ဆောင်ခြင်းများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ တွင် နည်းပြခြင်းနှင့် လမ်းညွှန် မှု များ လုပ်ဆောင်ခဲ့ပါသည်။ မှုန်ပီး သည် သူ ၏ အတွေ့အကြုံများ ကို မြန်မာနိုင်ငံအတွင်း ရှိ စီးပွားရေး လုပ်ငန်းရှင် များ ထံ သို့ မျှဝေခြင်း၊ ဖွဲ့ဖြိုးတိုးတက်စေခြင်း နှင့် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှု ရှိသော စီးပွားရေး လုပ်ငန်း များ တွင် စိတ်အားထက်သန် သူ ဖြစ် သည်။

    “စိန်ခေါ်မှုတွေကို ကျော်လွှားပြီး ပိုမိုကောင်းမွန်တဲ့ စီးပွားရေးအသိုက်အဝန်းဆီ အရောက်လှမ်းဖို့ အတူတကွ ပူးပေါင်းလုပ် ဆောင် ကြရအောင်”

  • မဒ္ဒီ

    မဒ္ဒီ

    Consultant

    မဒ္ဒီ / Consultant

    မဒ္ဒီသည် 2017 ခုနှစ်တွင် Yever သို့ဝင်ရောက်ခဲ့သည်။ ထိုအချိန်မှစ၍ ကဏ္ဍအသီးသီးမှမြန်မာ့စီးပွားရေးလုပ်ငန်းများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးအလေ့အကျင့်များမြှင့်တင်ရန်နှင့် အစီရင်ခံခြင်းတို့အတွက် လုပ်ဆောင်ပေးခဲ့ပါသည်။ ကော်ပိုရိတ်ပွင့်လင်းမြင်သာမှု မြှင့်တင်ရာတွင် Yever နှင့်ပူးပေါင်းဆောင်ရွက်နေသော ပွင့်သစ်စ အစီရင်ခံစာများအတွက် မြန်မာကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှုဆိုင်ရာ အကဲဖြတ်မှုနှင့် ဒေတာခွဲခြမ်းစိတ်ဖြာမှုအတွက်လည်း ဦးဆောင် လုပ်ဆောင်နေပါသည်။ သူမသည် မြန်မာကုမ္ပဏီများအတွက် ရေရှည်တည်တံ့ခိုင်မြဲရေး မဟာဗျူဟာကို ဖော်ဆောင်ခြင်း၊ နှစ်ပတ်လည်အစီရင်ခံစာရေးဆွဲခြင်းများတွင်အတွေ့အကြုံရှိသည်။​ ထို့အပြင်သူမသည် SME လုပ်ငန်းပိုင်ရှင်များနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းအဖွဲ့များအတွက် ပန်းတိုင်များ သတ်မှတ်ခြင်းနှင့်ပတ်သက်သည့် သင်တန်းများပို့ချပေးခဲ့ပါသည်။

    သူမသည် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပြင်သစ်ဘာသာစကားဘွဲ့နှင့် စီးပွားရေးစီမံခန့်ခွဲမှု ဒီပလိုမာ (ABE UK) ကို ရရှိထားသူဖြစ်သည်။

    မဒ္ဒီသည် လုပ်ဖော်ကိုင်ဖက်များအချင်းချင်းပံ့ပိုးကူညီတတ်သော အလေ့အကျင့်ကြောင့် Yever တွင် အလုပ်လုပ်ရသည်ကို နှစ်သက်သည်။ သူမတွင် Cookie နှင့် Noël ဟုခေါ်သော ခွေးလေးများရှိသည်။ သူမသည် မိသားစု၊ သူငယ်ချင်းများ၊ ခွေးလေးများနှင့် အချိန်ဖြုန်းရတာကို နှစ်သက်သည်။

    picto Linkedin
  • မိုးသိင်္ဂီနွယ်

    မိုးသိင်္ဂီနွယ်

    Consultant

    မိုးသိင်္ဂီနွယ် / Consultant

    မိုး သည် Yever တွင် အလုပ်လုပ်နေတာ ၅ နှစ်ခန့်ရှိပြီဖြစ်ပြီး The Lab ကိုစတင်တည်ထောင်ခဲ့ သူ အဖွဲ့ဝင်တွေထဲက တစ်ဦး ဖြစ်ပါတယ်။ The Lab နဲ့ ပတ်သက် ပြီး ရည်ရွယ်ချက်၊ မဟာဗျူဟာနှင့် တန်ဖိုး သတ်မှတ်ချက်တွေမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့ အဖွဲ့ဝင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း မိုး သည် The Lab ရဲ့ စီးပွားရေးမိတ်ဖက် (clients) တွေအတွက် စတင်မိတ်ဆက်ချိန်မှစပြီး သူတို့ရဲ့နေ့စဉ်လုပ်ငန်း လုပ် ဆောင်ချက်တွေမှာ စီးပွားရေးဆိုင်ရာ အကောင်းဆုံးသော အလေ့အထတွေကို လက်ခံကျင့်သုံးလာနိုင်တဲ့အချိန်အထိ စီးပွားရေးမိတ်ဖက်တွေနဲ့ အနီးကပ် ဆက်သွယ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်သလို The Lab အဖွဲ့ဝင်တွေကိုလည်း လေ့ကျင့်သင်ကြားပေး လျှက်ရှိပါတယ် ။ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများကို သက်ဆိုင်ရာ သင့်တော်သည့်ဖြေရှင်းမှုများ ပံ့ပိုးပေးနိုင်ရန်အတွက် သူမရဲ့ လုပ်ငန်းအတွေ့အကြုံများမှတဆင့် ကောင်းစွာနားလည်ထားပါတယ်။ မိုး သည် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ နှင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီး ၄င်းတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ရောက်အောင် ပံ့ပိုးကူညီပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါတယ်။

    Quote

    “အကယ်၍ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေနဲ့ လုပ်ငန်းခွင်မှာ အခက်အခဲ တစ်စုံတစ်ရာရှိတယ်ဆိုရင် The Lab  ကို ဆက်သွယ်လိုက်ပါ။ ကျွန်မတို့ The Lab မှ မိတ်ဆွေ တို့ရဲ့လုပ်ငန်းခွင်မှာ စီးပွားရေးဆိုင်ရာ အကောင်းဆုံးသောအလေ့အထတွေကို လက်ခံကျင့်သုံးနိုင်ဖို့ မိတ်ဆွေတို့ နှင့်အတူ ပူးပေါင်းလုပ်ဆောင်ဖို့ ဝန်ဆောင်မှုတွေအတွက် အသင့်ရှိနေပါတယ်။”

    picto Linkedin
  • ဝေယံကျော်

    ဝေယံကျော်

    Consultant

    ဝေယံကျော် / Consultant

    ကိုဝေယံကျော်သည် the Lab ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Yever တွင် စီးပွား‌‌ရေးအကြံပေးနှင့် ပတ်သက်၍ လုပ်ကိုင်လာသည်မှာ သုံးနှစ်ကျော်ခဲ့ပြီဖြစ်သည်။ သူ့အနေဖြင့် စီးပွားရေးကဏ္ဍပေါင်းစုံမှ ကုမ္ပဏီများစွာတို့၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သော စီမံကိန်းများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ထိုကဲ့သို့ လုပ်ဆောင်ခဲ့သည့် အတွေ့အကြုံများအား the Lab ထံမှ ဝန်ဆောင်မှု လိုအပ်နေသည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများထံသို့ မျှဝေ၍ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်မည့် စီးပွားရေးလုပ်ငန်းများ ဖြစ်လာအောင် ကူညီပေးရန် ကိုဝေယံကျော်အနေဖြင့် အသင့်ရှိနေပါသည်။ ယခုလက်ရှိတွင် the Lab ထံမှ ဝန်ဆောင်မှုရယူနေသည့် စီးပွား‌ရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာ အရှုံးအမြတ်တို့နှင့် ပတ်သက်၍ စိစစ်အကဲဖြတ်မှုများ ပြလုပ်ခြင်း၊ မူဝါဒများ ပြင်ဆင်ခြင်း၊ ဘတ်ဂျက်များ ချမှတ်ခြင်း စသည်တို့ကို လုပ်ဆောင်ပေးလျက်ရှိနေပါသည်။

    picto Linkedin
  • ခန့်ကျော်ဇ

    ခန့်ကျော်ဇ

    Junior Analyst

    ခန့်ကျော်ဇ / Junior Analyst

    ခန့် သည် The Lab ၏ ရုံးတွင်းလည်ပတ်မှုဆိုင်ရာလုပ်ငန်းများနှင့် SME ပရောဂျက်များတွင် ပါဝင်လုပ်ကိုင်နေပါသည်။ Yever သို့စတင်ဝင်ရောက်ခဲ့ချိန် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်၍ အသေးစားနှင့်အလတ်စားလုပ်ငန်း ပရောဂျက်များတွင် တက်ကြွစွာပါဝင်ခဲ့သည်။ အဓိကတာဝန်ယူလုပ်ကိုင်ရသော လုပ်ငန်းဆောင်တာများတွင် The Lab ၏ ရုံးတွင်းလည်ပတ်မှုအတွက် ကူညီပံ့ပိုးခြင်း၊ Client များနှင့် ဆက်သွယ်ပြောဆိုခြင်းနှင့် ပရောဂျက်ခေါင်းဆောင်၏စီမံကွပ်ကဲမှုဖြင့် ပရောဂျက်များ၏ ရည်မှန်းထားသောဆောင်ရွက်ဖွယ်များအား လုပ်ဆောင်ခြင်းတို့ပါဝင်သည်။ ခန့်သည် မြန်မာနိုင်ငံရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းများအကြောင်း သင်ယူလေ့လာရန်၊ ၎င်းတို့အား ကူညီပံ့ပူး ပေးရန်နည်းလမ်းအသစ်များရှာဖွေခြင်းနှင့် ရေရှည်တည်တံ့နိုင်သော စီးပွားရေးအလေ့အကျင့်များအတွက် အကြံပေးဝန်ဆောင်မှုအခွင့်အလမ်းများ ကမ်းလှမ်းရန် အစဥ်စိတ်အားထက်သန်ပါသည်။

    ခန့် သည် မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါများ စတင်ဖြစ်ပွားချိန်မှစ၍ တက္ကသိုလ်၌ အင်္ဂလိပ်စာအထူးပြုသင်ယူနေမှုများအား ရပ်ဆိုင်းခဲ့သည်။ ထို့နောက်တွင် လူထုဆက်ဆံရေး ကုမ္ပဏီတစ်ခုတွင် အလုပ်သင် သတင်းစောင့်ကြည့်ရေးသမားအဖြစ် လုပ်ကိုင်ခဲ့ပါသည်။

    picto Linkedin
  • ဓူဝံစိုးထွန်း

    ဓူဝံစိုးထွန်း

    Junior Analyst

    ဓူဝံစိုးထွန်း / Junior Analyst

    ဓူဝံသည် The Lab ၏ လုပ်ငန်းလည်ပတ်မှုကိစ္စရပ်များတွင် ရုံးတွင်းလုပ်ငန်းများနှင့် ရုံးပြင်ပ  client ပရောဂျက်များ နှစ်ခုလုံးတွင် ပါဝင် လုပ်ဆောင်ပါသည်။ သူသည် The Lab ၏ SME client များအတွက် HR,  စီးပွားရေးအစီအစဥ်ချမှတ်ပေးခြင်း၊ ဘဏ္ဍာရေးအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာမှုနှင့် ဆက်သွယ်ရေးနှင့် သက်ဆိုင်သည့် ပရောဂျက်များတွင် ပါဝင်လုပ်ကိုင်နေပါသည်။ သူသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ အ‌ရေးပါမှုရှိသည်ဟု ခိုင်မာစွာ ယုံကြည်ပြီး မြန်မာ့အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်နိုင်အောင် ထောက်ပံ့‌ပေးရန် စိတ်အားထက်သန်ပါသည်။ သူသည် ဘောဂဗေဒပညာရပ်နှင့် ဘဏ္ဍာရေးပညာရပ်တို့ကို စိတ်ပါဝင်စားပြီး ဖြစ်ပေါ်တိုးတက်နေသည့် စီးပွားရေးအခြေအနေနှင့် သတင်းများကို ပုံမှန်လေ့လာစောင့်ကြည့်ပါသည်။ ထို့အပြင် သူ့အနေဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်ပုံကို လက်တွေ့အတွေ့အကြုံရှိပါသည်။

    ဓူဝံသည် ဘွဲ့ကြိုပညာသင်ယူမှုကို ခေတ္တ ရပ်နားထားပါသည်။ သူသည် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အင်္ဂလိပ်ဘာသာစကား ဘွဲ့ကြိုသင်တန်းကို ဒုတိယနှစ်ထိ တက်ရောက်သင်ယူခဲ့ပါပြီး STI Myanmar University တွင် စီးပွားရေးစီမံခန့်ခွဲမှုပညာ ဒီပလိုမာသင်တန်းကိုလည်း

    picto Linkedin
  • နေအောင်ဝင်း

    နေအောင်ဝင်း

    Junior Analyst

    နေအောင်ဝင်း / Junior Analyst

    မောင်နေအောင်ဝင်းသည် Yever အသင်း၏ လက်တစ်လော အလုပ်ခွင်အသစ်ခန့်အပ်မှုမှ ဝင်ရောက်လာသော အသင်းဝင်အသစ်တစ်ယောက် ဖြစ်ပါသည်။ သူသည် The Lab နင့်အတူ ပြည်တွင်းအသေးစားနှင့် အလတ်စားစီးပွားရေးအတွက် ရေရှည်လည်ပတ်မှုနှင့် တာဝန်သိတတ်မှုတို့အား ယခုထက် ပိုမိုအားကောင်းကာ အဆင်ပြေချောမွေ့မှုအတွက် လက်ရှိအနီးကပ်လုပ်ဆောင်နေသောသူ တစ်ဦးဖြစ်ပါသည်။ နေအောင်ဝင်းသည် ယခုကဲ့သို့ စီးပွားရေးလုပ်ငန်းများအတွက် အသင်း၏ယုံကြည်မှုနှင့်အညီ အကောင်းဆုံးဖြစ်စေနိုင်သော နည်းလမ်းများကို အကောင်အထည်ဖော် လုပ်ဆောင်ရာတွင် တစ်တပ်တစ်အား ပါဝင်ကူညီပေးနေပါသည်။ သူသည် The Lab ၏ ပြည်တွင်းလုပ်ငန်းများကို ကူညီပေးပုံများကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူနေပြီး ယခုကူညီမှုများမှ အကျိုးကျေးဇူးများသည် ဒေသခံအသိုင်းအဝိုင်းများအား ကောင်းမွန်သောရလဒ်များ ထပ်မံပေါ်ထွက်လာမည်ကို ယုံကြည်ပါသည်။ Yever နှင့် လက်မတွဲမှီ မောင်နေအောင်ဝင်းသည် သတင်းမီဒီယာလုပ်ငန်းတစ်ခုအတွက် ရုံးဝန်ထမ်းအနေနှင့် လုပ်ဆောင်ခဲ့ပြီး သတင်းအချက်အလက် ကောက်ယူရာတွင် ကူညီဆောင်ရွက်ခဲ့ပါသည်။ Covid ကာလမှစ၍ သူသည် နိုင်ငံရေးသိပ္ပံပညာရပ်ကို ရန်ကုန် တက္ကသိုလ်တွင် လေ့လာသင်ယူခဲ့ပါသည်။ မောင်နေအောင်ဝင်းသည် The Lab ၏ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးများအပေါ် ကောင်းမွန်သောသက်ရောက်မှုများ ပေးစွမ်းမည့်ခရီးစဉ်တစ်လျှောက်၌ ပါဝင်ရမည်ကို အထူးဝမ်းသာဂုဏ်ယူမိပါသည်။

  • ယဥ်မျိုးဝေ

    ယဥ်မျိုးဝေ

    Junior Analyst

    ယဥ်မျိုးဝေ / Junior Analyst

    ယဥ်မျိုး‌‌‌ဝေသည် လတ်တလောမှ Yever နှင့် The Lab တွင် Junior Analyst အဖြစ် စတင်ဝင်ရောက်လုပ်ကိုင်‌နေသူ ဖြစ်ပါသည်။ သူမသည် လူငယ်စွန့်ဦးတီထွင်သူများ ဦးဆောင်သော ပြည်တွင်း လူမှုစီးပွားလုပ်ငန်းများ ဥပမာ ဒစ်ဂျစ်တယ်လုပ်ငန်းများ၊ မာကတ်တင်း စွန့်ဦးလုပ်ငန်း၊ ပညာရေး လုပ်ငန်းများ ၏ ပရောဂျက်အကောင်အထည်ဖော်မှုတွင် ကူညီဆောင်ရွက်ခဲ့သောအတွေ့အကြုံများရှိသည်။ သူမသည် The Lab နှင့်အတူ အ သေးစား၊အလတ်စားစီးပွား ရေးလုပ်ငန်းများ၏ လိုအပ်ချက်နှင့် အခက်အခဲများကို ရှာဖွေဖြေရှင်းသွားမည် ဖြစ်သည်။ ထို့အပြင် သူမသည် အသေးစား၊အလတ်စား စီးပွားရေး လုပ်ငန်းများ၏ အခက်အခဲအပေါ်နားလည်မှု ကိုအခြေခံ၍ ထိုသို့စီးပွားရေးလုပ်ငန်းများ ကိုမြန်မာနိုင်ငံအတွင်း ပိုမိုတိုးတက်စေချင်သော ရည်ရွယ်ချက်ရှိသူဖြစ်သည်။

    ယဥ်မျိူး‌ဝေသည် Covid pandemicမတိုင်ခင်က နိုင်ငံရေးသိပ္ပံဘာသာရပ်ကို ရန်ကုန်တက္ကသိုလ်တွင် တစ်နှစ်ကြာ သင်ယူခဲ့သည်။ နောက်ပိုင်းတွင် သူမ၏ Private စီးပွားရေးလုပ်ငန်း စိတ်ဝင်စားမှုဖြင့် ACCA Diploma in Accounting and Businessကို ပြီးမြောက်ထားပြီး ဘောဂ‌ဗေဒ နယ်ပယ် သုတေသနတွင်လည်း ပါဝင်ခဲ့ဖူးသည်။

  • အေးသီရိ

    အေးသီရိ

    Junior Analyst

    အေးသီရိ / Junior Analyst

    အေးသီရိ သည် Yever သို့ April 2023 တွင် Junior Analyst အဖြစ်စတင်ဝင်ရောက်ခဲ့ပါသည်။ စတင် ဝင်ရောက်ချိန်မှ စတင်၍ အသေးစားနှင့်အလတ်စားလုပ်ငန်းများတွင်သာမက ပရောဂျက်ခေါင်းဆောင် ၏စီမံကွပ်ကဲမှုဖြင့် အခြားသော ကိစ္စရပ်များတွင် အဖွဲ့ဝင်များနှင့်အတူပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။ သူမသည် SMEsလုပ်ငန်းများကို ကိုယ်တိုင် စိတ်ဝင်စားပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ အဆိုပါလုပ်ငန်းများနှင့် အဖွဲ့အစည်းများကို ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး တာဝန်ယူမှုရှိသောစီးပွားရေးလုပ်ငန်းများအဖြစ် ကြီးထွားလာစေရန် ကူညီပေးလိုပါသည်။

    ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ computer science ဖြင့်ဘွဲ့ရရှိခဲ့ပြီး ယခင်ကဝင်ငွေနည်း/အသင့်အတင့် မိသားစုများ အတွက် ချေးငွေဆောင်ရွက်ပေးရသော ဘဏ်လုပ်ငန်းပိုင်းတွင် နှစ်ရှည်လုပ်ကိုင်ပေးခဲ့ရသဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) များ အားကောင်းလာစေရေးတွင် စိတ်အားထက်သန်လျှက်ရှိပါသည်။ သူမအနေဖြင့် မည်သည့်စီးပွားရေးလုပ်ငန်းမဆို မှန်ကန်သောပံ့ပိုးကူညီမှုနှင့် အထောက်အပံ့ရမည်ဆိုပါက အောင်မြင်နိုင်မည်ဟု ယုံကြည်ပါသည်။

  • စည်သူ

    စည်သူ

    Junior Analyst

    စည်သူ / Junior Analyst

    စည်သူ သည် ၂၀၂၃ ဧပြီ လ တွင် Junior Analyst အဖြစ် Yever သို့ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့သူ တစ်ယောက် ဖြစ်သည်။ သူသည် team leader ၏ လမ်းညွှန် မှု အောက် တွင် အခြား အသင်း အဖွဲ့ဝင် များ နှင့်အတူ The Lab ၏ စီမံကိန်း များတွင် တက်ကြွ စွာ ပါဝင်ခဲ့သည် ။မြန်မာနိုင်ငံ ၏ SMEs လုပ်ငန်းများ ကို ကူညီပံပိုးပေးရန် နှင့် အနာဂါတ်တွင် ရေရှည်တည်တံသော လုပ်ငန်းများ ဖြစ်စေရန် ကူညီပေးဖို့ စိတ်အားထက်သန်သူ ဖြစ်ပါသည် ။

    နည်းပညာတက္ကသိုလ် (မန္တလေး) မှ သတင်းအချက်အလက် နည်းပညာ (အိုင်တီ) ဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။ ယခင်က  onboarding coordinator နှင့် network engineer အဖြစ် လုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါသည်။ သူသည် မြန်မာနိုင်ငံ SMEs စီးပွားရေး လုပ်ငန်း များ အကြောင်း ပိုမို သိရှိ သင်ယူလိုပြီး၊ ရေရှည်တည်တံ့သော စီးပွားရေး လုပ်ငန်းများ ဖြစ်လာစေရန် နည်းလမ်းသစ်များကို ရှာဖွေကူညီခြင်း တို့တွင် အမှန်တကယ် စိတ်အားထက်သန်သူ တစ်ယောက် ဖြစ်ပါသည်။

  • Zam Cin Mang

    Zam Cin Mang

    Junior Analyst

    Zam Cin Mang / Junior Analyst

    Zam သည် အငယ်တန်းစီးပွားရေးခွဲခြမ်းစိတ်ဖြာသူအဖြစ် Yever အဖွဲ့တွင်
    မကြာမီက ပူးပေါင်းပါဝင်လာသူတစ်ဦးဖြစ်ပြီး The Lab ၏ ပရောဂျက်များ တွင် ပါဝင်လုပ်ဆောင် လျက်ရှိသည်။ Zam သည် Mandalar University မှ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝတ်ပြုမှုစီမံခန့်ခွဲမှုဘွဲ့ကို ရရှိထားသူဖြစ်သည်။ ယခင်က သူသည် startup အတိုင်ပင်ခံအေဂျင်စီနှင့် ဒေသတွင်း လူမှုအကျိုးပြု စီးပွားလုပ်ငန်းတစ်ခုအတွက် အလုပ်လုပ်ခဲ့သည်။ ထို့အပြင်၊ သူသည် အလွတ်တန်း ကြော်ငြာစာရေးသားခြင်းနှင့် လူမှုမီဒီယာစျေးကွက်ရှာဖွေရေးကျွမ်းကျင်သူတစ်ဦးအဖြစ် လုပ်ဆောင်ပြီး ပြည်တွင်း SMEs အချို့အား ဝန်ဆောင်မှုများပေးခဲ့သည်။
    Zam သည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ၊ စွန့်ဦးတီထွင်မှုနှင့် တာဝန်သိစီးပွားရေးလုပ်ငန်းများတွင် စိတ်ပါဝင်စားသူတစ်ဦးဖြစ်ပြီး အားလပ်ချိန်များတွင် သူ၏ အသိပညာနှင့် ဗဟု သုတ များကို သူ၏ YouTube ချန်နယ်ကို အသုံးပြုလျက် မျှဝေတတ်သူဖြစ်သည်။
    Zam သည် မြန်မာနိုင်ငံရှိ SMEs များကို ကူညီမည့် The Lab ၏ ခရီးစဉ်တွင် ပါဝင်ရန်အတွက်လည်း စိတ်အားထက်သန်လျက်ရှိသည်။