The Lab အကြောင်း
The Lab ကို အကြံပေးဝန်ဆောင်မှုများအား ငွေကြေးဆိုင်ရာ အခက်အခဲများအပါအဝင် အခြားအခက်အခဲအမျိုးမျိုးကြောင့် ရယူနိုင်ခြင်းမရှိသည့် အသေးစားနဲ့အလတ်စား လုပ်ငန်းများအတွက် နှစ်ဦးနှစ်ဖက်ကြားသတ်မှတ်ထားသည့် သတ်မှတ်ချက်များဖြင့် အခမဲ့ကူညီပံ့ပိုးပေးခြင်း (pro-bono) နှင့် သတ်မှတ်ထားသည့်နှုန်းထားထက် သက်သာသည့်စျေးနှုန်းဖြင့် ကူညီပံ့ပိုးပေးခြင်း (low-bono) အစရှိသည့် အခြေပြုမူများဖြင့် ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာအတိုင်ပင်ခံဝန်ဆောင်မှုများကို ထောက်ပံ့ပေးရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
The Lab ၏ မိခင်ကုမ္ပဏီဖြစ်သည့် Yever သည် ဤကုမ္ပဏီအားစတင်တည်ထောင်ရန်အကြံဉာဏ်အား လေ့လာတွေ့ရှိမှုနှစ်ခုမှ ရရှိခဲ့ခြင်းဖြစ်သည်။
(၁) ပထမတစ်ခုမှာ Yever ၏ ဝန်ဆောင်မှုများမှ အကျိုးအမြတ်များအား ရရှိလိုသော်လည်း သတ်မှတ်ထားသောဝန်ဆောင်ခနှုန်းထားအား ဝယ်ယူရန်မတက်နိုင်သည့် ယခင် Clients များ၊ စွန့်ဦးတီထွင်သူများနှင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများကြောင့်ဖြစ်သည်။ ၎င်းအသေးစားနှင့်အလတ်စားလုပ်ငန်းများထံမှ ဤဝန်ဆောင်မှုများအား ရယူလိုသည့်ဝယ်လိုအားကို ရှိနေသောကြောင့် ကုမ္ပဏီအငယ်စားများအတွက် လက်လှမ်းမှီနိုင်မည့် နည်းအသစ်များအားထပ်မံရှာဖွေရန်လိုအပ်လာပါသည်။ Yever သည် အသေးစားလုပ်ငန်းငယ်လေးတွေဟာ အလုပ်အကိုင်ခွင့်အလမ်းတွေကို ဖန်တီးပေးခြင်းကြောင့် ၎င်းတို့သည်လူမှုပတ်ဝန်းကျင်အတွက် ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေပါသည်ဟု ယုံကြည်ပါသည်။
(၂) ဒုတိယလေ့လာတွေ့ရှိချက်သည် ကျွန်ုပ်တို့၏အဖွဲ့သားများထံမှဖြစ်သည်။ ကျွန်ုပ်တို့၏အဖွဲ့သားအများစုသည် လုပ်ငန်းခွင်ဝင်စတွင် ကနဦးအတွေ့အကြုံအနည်းအကျဥ်းဖြင့်သာစတင်ကြခြင်းဖြစ်ပြီး လုပ်ငန်းခွင်တွင်းရောက်မှသာ ၎င်းတို့အား အကြံပေးများဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့အား သင်ယူလေ့လာခြင်းအတွေ့အကြုံများထောက်ပံ့ပေးရန်နှင့် ကျွမ်းကျင်မှုများအားတိုးပွားစေမည့် ပတ်ဝန်ကျင်နှင့်ထိစပ်နေစေရန် အစဥ်လုပ်ဆောင်ပေးရန်အမြဲရည်သန်လျက် Client များ၏ ပရောဂျက်များအား ဦးစီးဆောင်ရွက်စေခြင်းဖြင့် ၎င်းတို့၏သင်ယူလေ့လာမှုအားမြှင့်တင်ပေးရန် The Lab အားတည်ထောင်ခဲ့ပါသည်။
သို့ဖြင့် Yever ၏ ဝန်ဆောင်မှုများအားရယူရန်မတက်နိုင်သည့် အငယ်စား၊ အသေးစားနှင့် အလတ်စား အဖွဲ့အစည်းများကိုသာ ဝန်ဆောင်မှုပေးရန် အပြည့်အဝရည်စူးထားသည့် ကုမ္ပဏီအသစ်တစ်ခုဖြစ်သည့် The Lab အားတည်ထောင်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ ပြည်တွင်းအကြံပေးများမှဦးဆောင်၍ The Lab ၏ ဝန်ဆောင်မှုများအား ထောက်ပံ့သွားမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် အနာဂါတ်တွင် ကုမ္ပဏီကိုလည်း တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်သွားမည်ဖြစ်ပြီး ကုမ္ပဏီ၏စီမံခန့်ခွဲမှုတွင်ပါဝင်လုပ်ဆောင်သွားမည်ဖြစ်သည်။ ဤနည်းဖြင့် Yever မှ ၎င်း၏ဝန်ထမ်းများအား တာဝန်ယူမှုနှင့် တာဝန်ခံမှုကိုရရှိစေမည်ဟုယုံကြည်ပြီး ၎င်းတို့အနေဖြင့် ခိုင်မာသောအရည်အချင်းများရရှိပြီး အသက်မွေးဝမ်းကြောင်းဆိုင်ရာတိုးတက်မှုများဖြစ်ထွန်းစေရမည်ဟုယုံကြည်ပါသည်။
The Lab အား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင်တရားဝင်မိတ်ဆက်ဖွင့်လှစ်ခဲ့ပါသည်။ ယင်းအချိန်မှစ၍ The Lab သည် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများနှင့်လက်တွဲ၍ အမျိုးမျိုးသော အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ NGO များအား မတူကွဲပြားသော ဝန်ဆောင်မှုများအားထောက်ပံ့ပေးလျက်ရှိသည်။ မိတ်ဆက်ဖွင့်လှစ်ပွဲပြီးနောက်တွင် The Lab သည် ၎င်း၏ကျွမ်းကျင်ရာမဟုတ်သည့် ဥပဒေရေးရာနှင့် စာရင်းကိုင်လုပ်ငန်းကဲ့သို့ နယ်ပယ်များအတွက်ပါ အကြံပေးဝန်ဆောင်မှုများပေးရန်အတွက် မိတ်ဖက်အဖွဲ့အစည်းအမျိုးမျိုးနှင့်လက်တွဲဆောင်ရွက်ခဲ့သည်။ လက်ရှိတွင် The Lab သည် ဆက်သွယ်ရေးလုပ်ငန်း (Communication)၊ နှင့် ဥပဒေရေးရာနှင့် စာရင်းကိုင်လုပ်ငန်း (Legal & accounting) နယ်ပယ်များမှကုမ္ပဏီများနှင့် မိတ်ဖက်အနေဖြင့်လက်တွဲလုပ်ဆောင်လျက်ရှိသည်။
လုပ်ငန်းအားစတင်ချိန်မှအစပြု၍ The Lab သည် အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ NGO များ ပါဝင်သည့် Client ၁၀ ဦးကျော်အားဝန်ဆောင်မှုများအားထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။ The Lab ၏ Client များသည် နိုင်ငံအနှံ့မှ ဖြစ်သည် ၎င်းတို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ၊ မြို့ပြစိုက်ခင်းလုပ်ငန်းနှင့် ရှေးဟောင်းပရိဘောဂရောင်းဝယ်ဖောက်ကားသူတို့အထိ မတူကွဲပြားစုံလင်စွာပါဝင်ပါသည်။ ၎င်းကွဲပြားသည့် Client များမှပဲ အသေးစားနှင့်အလတ်စားလုပ်ငန်းများနှင့် အဖွဲ့အစည်းများ၏ ထူးခြားသောလိုအပ်ချက်များနှင့် ၎င်းတို့အကြားဘုံတူညီသောလိုအပ်ချက်များကို The Lab အားထောက်ပံ့ပေးခဲ့ပြီး The Lab ၏ အကြံပေးများသည် ၎င်းအတွေ့အကြုံ၊ အသိပညာများကိုအသုံးချ၍ လက်ရှိ ရှိနေသော Client များနှင့် နောက်ထပ် Client အသစ်များအား အကောင်းဆုံးသော အကြံပေးဝန်ဆောင်မှုများအားထောက်ပံ့ပေးရန် ရည်သန်လျက်ရှိသည်။