The Lab နဲ့ Interactive Co., Ltd တို့ ပူးပေါင်းလိုက်ကြပြီ

ဟုတ်ပါတယ်၊ The Lab ဟာ ဥပဒေနှင့် စာရင်းတွက်ချက်ခြင်းဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီ Interactive Co., Ltd နဲ့ လက်တွဲလိုက်ပြီပဲဖြစ်ပါတယ်။

အခုလိုပူးပေါင်းဆောင်ရွက်မှုကြောင့် The Lab ရဲ့ မိတ်သစ် မိတ်‌ဟောင်း Client များအနေနဲ့ The Lab ဆီဆက်သွယ်လိုက်ရုံနဲ့ ဥပဒေနဲ့စာရင်းအင်းဆိုင်ရာအကြံပေးမှုဝန်ဆောင်မှုတွေကိုလည်း ရယူနိုင်ပြီပဲဖြစ်ပါတယ်။

Interactive Co., Ltd သည် ကုမ္ပဏီတည်ထောင်ရေးအတွက် အကြံပေးခြင်းနှင့် ကုမ္ပဏီမှတ်ပုံတင်ခြင်းဝန်ဆောင်မှုများ၊ ကုမ္ပဏီ ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်ရမည့်ကိစ္စများအတွက် ဝန်ဆောင်မှုများ၊ စာရင်းအင်းနှင့် အခွန်ဆိုင်ရာ ဝန်ဆောင်မှုများ၊ လစာနှင့် ဝန်ထမ်းဆိုင်ရာဝန်ဆောင်မှုများ၊ ဥပဒေဆိုင်ရာအကြံပေးခြင်းနှင့် စာချုပ်စာတမ်းပြင်ဆင်ရေးဆွဲခြင်း ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကျွန်တော်တို့ The Lab အနေနဲ့ ကျွန်တော်တို့ရဲ့ Client တွေကို စီးပွားရေးအကြံပေးတဲ့နေရာမှာ အကူအညီလိုအပ်နေတဲ့ အခန်းကဏ္ဍတွေအားလုံးကို ပံ့ပိုးကူညီမပေးနိုင်တာမျိုးရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုကွက်လပ်တွေကို ဖြည့်ဆည်းပေးဖို့အတွက် စီးပွားရေးမိတ်ဖက် (Partner) တွေနဲ့ ကျွန်တော်တို့ အတူလက်တွဲပြီး ကူညီထောက်ပံ့ဖို့လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် Client တစ်ဦးတစ်ယောက်စီတိုင်းရဲ့ လိုအပ်ချက်တွေကမတူညီနိုင်တာမို့ ပရောဂျက်တစ်ခုချင်းစီအလိုက် ပူးပေါင်းလုပ်နိုင်မလားဆိုတာကို ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေနဲ့ဆန်းစစ်ပြီးမှ Client တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်၊ မနိုင်ကို အကြောင်းပြန်တာဖြစ်ပါတယ်။

လက်ရှိမှာတော့ The Lab သည်  Interactive Co., Ltd  နဲ့ပေါင်းပြီးတော့ မြန်မာနိုင်ငံမှာ မသန်စွမ်းသူများအတွက် အလုပ်အကိုင်နှင့် ရပိုင်ခွင့် အခွင့်အလမ်းများရရှိအောင် ကြိုးစားလုပ်ဆောင်ပေးနေတဲ့ လူမှုအဖွဲ့အစည်းတစ်ခုရဲ့ ဘဏ္ဍာရေးဆိုင်ရာမူဝါဒကို ပြန်လည်ပြင်ဆင်တဲ့ ပရောဂျက်ကိုလုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါလူမှုအဖွဲ့အစည်းရဲ့ ဘဏ္ဍာ‌ရေးဆိုင်ရာ မူဝါဒအား Interactive Co., Ltd အနေဖြင့် သေချာစွာ ပြန်လည် စိစစ်၊ စစ်ဆေးပေးပြီးမှ ယနေ့အခြေအနေနှင့် ယှဥ်ကာ ဘယ်နေရာမှာတော့ ဘာကြောင့်မကိုက်ညီတော့ဘူး၊ ဒီလို ပြန်ပြောင်းရေးသင့်တယ်ဆိုတာမျိုး ချက်ကျလက်ကျ အကြံပြုချက်များပေးခဲ့တာ ဖြစ်ပါတယ်။ The Lab ကတော့ အဖွဲ့အစည်း ၃ ခုအကြား ပြောဆိုဆက်သွယ်ရေးကိုတာဝန်ယူပေးခြင်းနဲ့ အခြားလိုအပ်သည်များကို  ကူညီပံ့ပို့‌ပေးခြင်းတို့လုပ်ဆောင်ခဲ့ပါတယ်။ ဒီလူမှုအဖွဲ့အစည်းက လူမှုပတ်ဝန်းကျင်တိုးတက်ကောင်းမွန်လာမှုကို ဦးတည်လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ The Lab နဲ့ Interactive Co., Ltd တို့ဟာ အခကြေးငွေမယူဘဲ လုပ်ဆောင်ပေးတာဖြစ်ပါတယ်။

The Lab အနေနဲ့ Interactive Co., Ltd နှင့် အတူ အခြားသော ဥပဒေဆိုင်ရာနှင့် စာရင်းတွက်ချက်ခြင်းဆိုင်ရာ ဝန်ဆောင်မှုတွေကိုလည်းပေးနေတာကြောင့် SME လုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ အကြံများရယူတိုင်ပင်လိုတာရှိရင် The Lab နဲ့ အချိန်မရွေးဆက်သွယ်နိုင်တယ်ဆိုတာကိုလည်း သတင်းကောင်းပါးချင်ပါတယ်။ သိချင်တာတွေရှိရင်လည်း စာပို့၍ မေးမြန်းနိုင်ပါတယ်။ SME လုပ်ငန်းရှင်များ နှင့် အတူတူတိုးတက်အောင်မြင်ဖို့ The Lab က ဆန္ဒရှိနေပါတယ်။