လုပ်ငန်းရေရှည်ခိုင်မြဲဖို့ အကြံပြုချက် ၅ ခု

ဒါလေးတွေကို ကိုယ့်လုပ်ငန်းမှာ လက်တွေ့အသုံးချမယ်ဆိုရင်လုပ်ငန်းကိုရေရှည်ရပ်တည်နိုင်အောင် လုပ်ဆောင်နိုင်ပါတယ်။

အသေးစားနဲ့အလတ်စားလုပ်ငန်းတွေနဲ့ ကိုယ်ပိုင်လုပ်ငန်းတွေဟာ ထိလွယ်ရှလွယ်မှုရှိပြီး ကိုဗစ်လိုမျိုးပြင်ပကရိုက်ခက်မှုတွေနဲ့တွေ့ကြုံတဲ့အခါ လုပ်ငန်းတွေပြိုလဲသွားဖို့လွယ်ကူပါတယ်။

ဒါပေမယ့် စနစ်ကျတဲ့လုပ်ငန်းအလေ့အထတွေရှိရင်တော့ ဒီလိုအခက်အခဲစိန်ခေါ်မှု တွေကို ပိုပြီးကြံ့ကြံ့ခိုင်နိုင်မှာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ The Lab က လုပ်ငန်းကိုစနစ်တကျလည်ပတ်နိုင်အောင် အကြံပြုချက်‌ ၅ ခုကိုမျှဝေသွားမှာဖြစ်ပါတယ်။

• လုပ်ငန်းရဲ့ နေ့စဉ်ဝင်ငွေ ထွက်ငွေကို စနစ်တကျမှတ်သားပါ

• ကိုယ်ပိုင်သုံးငွေနဲ့လုပ်ငန်းအတွက်သုံးငွေကို ခွဲခြားမှတ်သားပါ

• လစဉ်နှင့်တစ်နှစ်အတွင်းခန့်မှန်းအသုံးပြုမည့်ငွေပမာဏ နှင့် ပြန်လည်ရရှိနိုင်မည့် ငွေပမာဏများ (Budget) ကို ကြိုတင်တွက်ချက်အစီစဉ်ရေးဆွဲပါ

• ကိုယ့်လုပ်ငန်း၏ ဝင်ငွေနှင့်ထွက်ငွေကို လစဉ် အမြဲမပျက် စောင့်ကြည့်အကဲဖြတ်ခြင်းလုပ်ဆောင်ပါ

• သက်ဆိုင်ရာတွင် ကျွမ်းကျင်မှု ရှိတဲ့ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေး ပါ