Plant City

Plant City Myanmar မှာ ရန်ကုန်မြို့ရှိ အလှစိုက်  အပင်အရောင်းအဝယ်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ပျိုးခြံလုပ်ငန်း၊ အလှစိုက်အပင်အရောင်းအဝယ်လုပ်ငန်းတွေကို လုပ်ကိုင်တဲ့အပြင် နေအိမ်၊ ရုံးခန်း၊ လုပ်ငန်းတွေမှာ အလှစိုက်အပင်၊ ဥယျာဥ်ထိန်းသိမ်းခြင်းဝန်ဆောင်မှုများကိုလည်း ပေးအပ်ပါသည်။ The Lab မှ ၎င်းတို့အတွက် အရောင်းစာရင်းအချက်အလက်များ ကောက်ယူခြင်းအတွက် ကူညီပေးခဲ့ပြီး လုပ်ငန်းအတွက် အစီအစဥ်ချမှတ်ပေးခြင်း၊ အွန်လိုင်းတွင်ရောင်းချရန်အတွက် လုပ်ငန်းတူများကို လေ့လာနှိုင်းယှဥ်ပြီး ပြည်တွင်းရှိဝယ်ယူသူများကို ရောင်းချနိုင်ရန် စီစဥ်ပေးခြင်းတို့ကိုပြုလုပ်ပေးခဲ့ပါသည်။ ၎င်းတို့၏ ဘဏ္ဍာရေးအချက်အလက်များနှင့် ဝန်ထမ်းစီမံခန့်ခွဲမှုတို့နှင့် ပတ်သက်ပြီး ကူညီပေးခဲ့ပါတယ်။

“The Lab ရဲ့ အကြံပေးပြီး နှစ်လကျော်လောက်မှာ ဆိုင်ရောင်းအားသိသိသာသာတက်လာပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်ပစ္စည်းကရောင်းရတယ် ဘယ်ပစ္စည်းကိုတင်ရမယ်ဆိုတာ တိတိကျကျသိလာလို့ပါ။ အပင်ထိန်းသိမ်းမှုလုပ်ငန်းကိုလည်း သူတို့ရဲ့ အကြံပေးချက်အရ ပြုပြင်ပြောင်းလဲမှုလုပ်တဲ့အခါမှာ ဖောက်သည်တွေရလာပါတယ်။”