MSEMs များအတွက် တာဝန်ယူမှုရှိသော လုပ်ငန်းအလေ့အကျင့်များ

SME လုပ်ငန်းအနေနှင့် တာဝန်ယူမှုရှိသော လုပ်ငန်းတစ်ခုဖြစ်လာရန် ဘာကြောင့် အာရုံစိုက်သင့်တာလဲ?

အသေးစားလုပ်ငန်းတစ်ခုကို စတင်တည်ထောင်ပြီဆိုရင် မတူညီတဲ့ ပန်းတိုင်တွေနဲ့ လျှောက်လှမ်းရတော့မယ့် ခရီးတစ်ခုလို့ ဆိုလို့ရပါတယ်။ ဝန်ထမ်းတွေကို စီမံခန့်ခွဲခြင်း၊ ငွေကြေးအချက်အလက်များကို မှတ်တမ်းတင်ခြင်း၊ အလားအလာရှိသော ဖောက်သည်များနှင့် ဆက်သွယ်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်း အစရှိတဲ့ စိန်ခေါ်မှုများစွာကို တွေ့ကြုံရမှာဖြစ်ပါတယ်။ ဆိုလိုတာက လုပ်ရမယ့်အလုပ်တွေက အများကြီးပါပဲ။ ဤခရီးလမ်းတစ်လျှောက်မှာ အသေးစားလုပ်ငန်းသာမက အကြီးစားစက်မှုလုပ်ငန်းကြီးများအတွက်လည်း အမြတ်အစွန်းရရှိရေး တစ်ခုတည်းကို ဦးတည်ရုံနဲ့ ရေရှည်အတွက် ပွင့်လင်းမြင်သာတဲ့ စီးပွားရေးတစ်ခုဖြစ်ဖို့ မလုံလောက်နိုင်ပါ။

၂၁ ရာစုတွင် လုပ်ငန်းပိုင်ရှင်တစ်ဦးအနေဖြင့် သင့်လုပ်ငန်းအတွက် တန်ဖိုးများဖန်တီးပေးတဲ့အပြင် အသိုင်းအဝိုင်းအတွက်ပါ အကျိုးရှိစေတဲ့ တာဝန်သိစီးပွားရေးလုပ်ငန်းကို အကောင်အထည်ဖော်ရန်မှာ သင့်တာဝန်ဖြစ်ပါတယ်။ တာဝန်သိစီးပွားရေးလုပ်ငန်းတစ်ခုသည် ဝန်ထမ်းများအပါအဝင် သင့်လုပ်ငန်းနှင့် သက်ဆိုင်သူများအကြား ယုံကြည်မှုအဆင့်ကို မြှင့်တင်ပေးနိုင်ပြီး သင့်လုပ်ငန်းအတွက် အပြုသဘောဆောင်သော အသိအမှတ်ပြုမှုဖြင့် လုပ်ငန်းများအကြား ထင်ရှားပေါ်လွင်စေပါတယ်။

မေးခွန်းအနည်းငယ်မေးကြည့်ရအောင်ရှင်။ သင့်ကိုယ်သင် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်ချင်လဲ။ အများအကျိုး၊ အမြတ်အစွန်းအပြင် ကမ္ဘာမြေအတွက်ပါ ထည့်သွင်းစဥ်းစားပေးတဲ့ လုပ်ငန်းမျိုးကို လုပ်ကိုင်ချင်ပါသလား။ သို့ဆိုလျှင် အသေးစားလုပ်ငန်းပိုင်ရှင်တစ်ဦးအနေဖြင့် သင်လိုက်နာနိုင်တဲ့ တာဝန်သိစီးပွားရေးအလေ့အကျင့်များက ဘယ်လိုအချက်များ ဖြစ်နိုင်သလဲ။ ဘာကြောင့် သင်လိုက်နာသင့်သလဲ။

• အခြေခံအားဖြင့်၊ တာဝန်သိသောနည်းလမ်းဖြင့် စီးပွားရေးလုပ်ကိုင်ခြင်း ဆိုသည်မှာ ဝန်ထမ်းများအတွက် ကျင့်ဝတ်နှင့် လျော်ညီသော ကောင်းမွန်သော လုပ်ငန်းခွင်အခြေအနေများ ဖန်တီးပေးနိုင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေတဲ့ ထုတ်ကုန်များထုတ်ပေးနိုင်ခြင်းမျိုးကို ဆိုလိုပါတယ်။

• ဥပမာအားဖြင့် သင်သည် ဒေသတွင်းစျေးကွက်တွင် အလွယ်တကူဝယ်ယူနိုင်သော eco-friendly ပါကင်စက္ကူများကိုအသုံးပြုပါက ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ ထိုအရာများသည် အသေးစားလုပ်ငန်းပိုင်ရှင်တစ်ဦးအနေနဲ့ သင်အလွယ်တကူလိုက်နာနိုင်သော အခြေခံ တာဝန်ရှိစီးပွားရေးအလေ့အကျင့်များ ဖြစ်ပါတယ်။

ဘာကြောင့် SMEလုပ်ငန်းအနေနှင့် တာဝန်ယူမှုရှိသော လုပ်ငန်းတစ်ခုဖြစ်လာရန် အလေးပေးသင့်တာလဲ?

• တာဝန်ယူမှု တာဝန်ခံမှု၊ ကြိုးစားအားထုတ်မှုနှင့် ကတိကဝတ်များရှိပါက သင့်ထုတ်ကုန်များအပေါ် ဖောက်သည်များ၏ ယုံကြည်မှုကိုလည်း ရရှိပြီး အမြတ်အစွန်းရော ကောင်းကျိုးများရော ရရှိမှာ ဖြစ်ပါတယ်။ ဖောက်သည်များမှ သင်၏ ကြိုးပမ်းမှုကို မြင်ရသောကြောင့် သင့်ထုတ်ကုန်များကို သုံးစွဲချင်စိတ်ပေါ်‌နေနိုင်ပါသည်။

“Responsible Brand” တည်ဆောက်ခြင်းသည် အချိန်ယူရသော်လည်း ထိုလုပ်ဆောင်ချက်များကို သင်ကတိကဝတ်ပြုပါက သင့်အား တာဝန်သိစီးပွားရေးလုပ်ငန်းပိုင်ရှင်ဖြစ်ရန် တားဆီးနိုင်သည့်အရာမရှိပါ။ ဤပန်းတိုင်များကို အောင်မြင်အောင် ကူညီပေးရန် ကျွန်မတို့၏ တာဝန်ဖြစ်သည်ဟု ယုံကြည်ပြီး အတူတကွ ဂုဏ်ယူရမည့် အခိုက်အတန့်တစ်ခု ရှိလိမ့်မည်ဟု မျှော်လင့်ပါသည်။

ရည်ရွယ်ချက်ဖြင့်ရှေ့ဆက်သော ကုမ္ပဏီတစ်ခုအနေဖြင့် The Lab သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအား ၎င်းတို့၏ လုပ်ငန်းအလေ့အထများကို ရေရှည်တည်တံ့ခိုင်မြဲပြီး တာဝန်သိစွာ လိုက်လျောညီထွေဖြစ်အောင် ကူညီပေးရန် ကတိပြုပါသည်။

သင်သည် ကျွန်ုပ်တို့ထံ အမြဲတမ်း ဆက်သွယ်နိုင်သည်။ သင့်လုပ်ငန်းကို တာဝန်သိသိဖြင့် လျှောက်လှမ်းနိုင်ရန် ကူညီပေးရန် ကျွန်ုပ်တို့ အမြဲတမ်း အသင့်ရှိနေပါသည်။