MSMEs တို့ Brand အသိအမှတ်ပြုခံရဖို့

ပြည်တွင်းအသေးစား၊အလတ်စားလုပ်ငန်းတွေအနေနဲ့လည်း လုပ်ငန်းကြီးတွေလိုပဲ သူတို့ရဲ့ brand ကိုအသိအမှတ်ပြုခံရဖို့အခွင့်အလမ်းတွေရှိပါတယ်။

စီးပွားရေးလုပ်ငန်းပိုင်ရှင်အများစုက Brand လို့ဆိုလိုက်တာနဲ့ ကုန်အမှတ်တံဆိပ်လို့ တိုက်ရိုက် ဘာသာပြန်လိုက်တတ်ကြပြီး logo နဲ့ လူမှုကွန်ရက် (မြန်မာနိုင်ငံမှာတော့ Facebook) တို့ကိုသာ ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ Brand ဆိုတဲ့ အဓိပ္ပါယ်ဟာ အများကြီး နက်ရှိုင်းပြီး လုပ်ငန်းနဲ့သက်ဆိုင်သူတွေ တစ်နည်းအားဖြင့် ကိုယ့်ရဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို သုံးစွဲနေသူတွေအနေနဲ့ သင့်လုပ်ငန်းရဲ့ လုပ်ဆောင်ချက်တွေပေါ်မူတည်ပြီး သင့်လုပ်ငန်းအပေါ် ဘယ်လိုထင်မြင်သလဲဆိုတဲ့ အတွေးအမြင်ပဲဖြစ်ပါတယ်။ ဒါကြောင့် brand တစ်ခုကို ထိုး‌ဖောက်ဖို့ရာလုပ်ဆောင်တဲ့ branding ဟာ အလွန်ကိုအ‌‌ရေးကြီးပြီး ဒါဟာ သင့်လုပ်ငန်းရဲ့ ဂုဏ်သိက္ခာနဲ့ စားသုံးသူတွေရဲ့ ယုံကြည်မှုရယူတဲ့အပိုင်းမှာ အများကြီး သက်ရောက်မှုရှိနိုင်ပါတယ်။ တစ်နည်းပြောရရင်တော့ brand တစ်ခုအပေါ်ယုံကြည်မှုတည်ဆောက်ဖို့ အချိန်ယူပြီးတည်ဆောက်ရပေမယ့် လုပ်ငန်းရဲ့လုပ်ဆောင်ချက်တွေကြောင့်ပဲ အချိန်ခဏအတွင်းမှာပဲ သင့်ရဲ့ brand အပေါ်တွေးမြင်ယူဆချက်တွေ ဆိုးကျိုးသက်‌ရောက်မှုတွေရှိနိုင်ပါတယ်။

အသိအမှတ်ပြုခံရတဲ့ brand တစ်ခုဆိုတာ ဘာကိုဆိုလိုတာပါလဲ? ဒီမေးခွန်းကိုဖြေဖို့ ဥပမာတစ်ခုကိုပေးရမယ်ဆိုရင် သင့်အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လက်လီအရောင်းဆိုင်လုပ်ငန်းလို့ပြောရင် ဘယ်လုပ်ငန်းကို ပထမဆုံးတွေးမြင်မိပါသလဲ? ဒါဟာ အဲ့ဒီလုပ်ငန်းက သူတို့ရဲ့ brand ကို ဘယ်လိုတည်ဆောက်ထားသလဲဆိုတဲ့ အဖြေပဲဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ သင့်အနေနဲ့ လက်လီကဏ္ဍမှာ အကြီးဆုံးဖြစ်တဲ့ လုပ်ငန်းကို အရင်ဆုံးတွေးမြင်မိကြမှာပါ။ တကယ်တော့ brand တစ်ခုကို ကောင်းကောင်းအသိအမှတ်ပြုခံရဖို့ရာ အမြဲတစေတော့ အကြီးဆုံး၊ အ‌ကောင်းဆုံးဖြစ်ဖို့ရာ မလိုအပ်ပါဘူး။

တူညီတဲ့ ဥပမာတစ်ခုကိုပေးရမည်ဆိုလျှင် မာလာရှမ်းကောလို့ပြောလိုက်ရုံနဲ့ ဘယ်ဆိုင်က သင့်ရဲ့ အတွေးထဲကိုအရင်ဆုံးရောက်လာပါသလဲ။ သင်တွေးမိလိုက်တဲ့မာလာရှမ်း‌‌ကောဆိုင်က သင့်ရဲ့အတွေးထဲကို ရောက်ရှိလာဖို့ရာ ဆက်ဆံရေးကြောင့်သော်လည်းကောင်း၊ အရသာကြောင့်သော်လည်းကောင်း အကြောင်းပြချက်ကောင်းကောင်းတစ်ခုရှိနေဖို့ လိုအပ်ပါတယ်။ အဲ့ဒီအဓိပ္ပါယ်ကတော့ သင့်အတွေးထဲကို ရောက်လာတဲ့ ဆိုင်က သူတို့ရဲ့ brand ကိုတစ်နည်းနည်းနဲ့ တည်ဆောက်နေပြီးသားဖြစ်ပါတယ်။ ဒီနေရာမှာ အဓိကအချက်က တစ်ခါတစ်ရံမှာ သင်ကိုယ်တိုင် သတိမထားမိလိုက်တဲ့အချိန်မှာပဲ သင့်လုပ်ငန်းရဲ့ brand ကို အသိအမှတ်ပြုခံရဖို့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နေနှင့်ပြီးတာမျိုးဖြစ်နိုင်ပါတယ်။

ကောင်းမွန်တဲ့ brand တည်ဆောက်မှုအလေ့အထဆိုသည်မှာ ကိုယ်လုပ်ဆောင်လျက်ရှိတဲ့ brand နှင့် ပက်သတ်သော လုပ်ဆောင်ချက်များအားလုံးကို သတိရှိရှိ၊ ရည်ရွယ်ချက်ပန်းတိုင်ဆီသို့ ဦးတည်ပြီး သေသေသပ်သပ်နည်းစနစ်ကျကျ စုစည်းလုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။

သင့်လုပ်ငန်းရဲ့ brand ကို ဘယ်လို နည်းစနစ်တကျ တည်ဆောက်ဖော်ဆောင်ရမယ်ဆိုတာကို သိလိုပါသလား? The Lab အဖွဲ့သားများနဲ့ ဆွေးနွေးတိုင်ပင်လိုက်ပါ။ ကျွန်ုပ်တို့အဖွဲ့သားများက အသေးစား၊အလတ်စား စီးပွား‌ရေးလုပ်ငန်းများအနေနဲ့ ရေရှည်တည်တံ့ပြီး တာဝန်သိလုပ်ငန်းများဖြစ်လာစေမည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့ အသင့်စောင့်ကြိုလျက်ရှိပါတယ်။ ဒါဟာလည်း နောက်ကျကျန်နေခဲ့တဲ့ အသေးစားအလတ်စား စီးပွား‌‌ရေးလုပ်ငန်းများကို ဝန်ဆောင်မှုပေးနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။