A Little Eco Lodge

A Little Eco Lodge မှာ မိသားစုပိုင်လုပ်ငန်းတစ်ခုဖြစ်ပြီး ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းတို့နှင့် တွဲဖက်၍ ဒိန်ချဥ်၊ မြေအိုးနှင့် ယက္ကန်းထည်များကို ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ပါတယ်။ The Lab မှ ၎င်းတို့၏ ဝင်ငွေထွက်ငွေများကို သေချာစွာမှတ်သားနိုင်ရန် ကူညီပံ့ပိုးပေးခဲ့ပြီး နေ့စဥ်လုပ်ငန်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်နိုင်ရန် ကူညီထောက်ပံ့ပေးခဲ့ပါသည်။ The Lab မှ ထုတ်ကုန်အမျိုးအစားနှင့် ဈေးနှုန်းသက်မှတ်ပုံများကို ဈေးကွက်တွင်းရှိလုပ်ငန်းတူများနှင့် နှိုင်းယှဥ်လေ့လာခဲ့ပြီး ပိုမို၍ကောင်းမွန်အောင်ဆောင်ရွက်နိုင်ရန် အကြံပြုပေးခဲ့ပါသည်။ ယခုတွင် ၎င်းတို့၏ လုပ်ငန်းအတွက် မျှော်မှန်းရလဒ်များ စီစဥ်ရေးဆွဲပေးခြင်းနှင့် ဆက်သွယ်ရေးအတွက် အစီအစဥ်ကို ရေးဆွဲပေးခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။

“The Lab က အကူအညီပေးတဲ့ အခါ ကျွန်တော်တို့ အနေနဲ့ ဘယ်လိုတွေ့ရလဲဆိုတော့ ကိုယ့်ဟာနဲ့ကိုယ် ဘယ်နား ခရီး ရောက်နေလဲနဲ့ ကိုယ်သွားရမှာက ဘယ်ကိုသွားချင်တာလဲ အနေအထားတွေကို မြင်လာရတယ်။”