အတိုင်ပင်ခံဆိုတာဘာလဲ။

မြန်မာနိုင်ငံတွင်  ဆွေးနွေးတိုင်ပင်အကြံပေးခြင်း ကို “အကြံပေး” လို့ခေါ်ဆိုကြပါတယ်။ အင်္ဂလိပ်လို တိုက်ရိုက်ဘာသာပြန်မယ်ဆို “အကြံဉာဏ်ပေးခြင်း”လို့လည်း ပြန်ဆိုနိုင်ပါတယ်။ ကျွန်ုပ်တို့ ဘဝမှာ အရေးကြီးသည့် အရာတွေအတွက် ဆုံးဖြတ်ချက်တစ်ခု ချရတဲ့အခါ ဘာလုပ်ကြပါသလဲ။

ကျွန်ုပ်တို့၏ အယူအဆတွေကို အနည်းဆုံး လူတစ်ဦးနှင့်အတူတိုင်ပင် ဆွေးနွေးခဲ့ကြမယ်ဆိုတာ သေချာပါတယ်။ ဘာအတွက်သည်လိုလုပ်ကြသလဲဆိုရင်

  • အဆိုပါ ပုဂ္ဂိုလ်၏ အတွေ့အကြုံနှင့် အရည်အချင်းအပေါ်မူတည်ပြီး မတူညီသည့် အမြင်တွေကိုရရှိနိုင်ဖို့
  • ကျွန်ုပ်တို့ မမြင်နိုင်သည့် ရှုထောင့်မှ သုံးသပ်ချက်တွေ ကြောင့် အပြင်
  • ပိုမိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေကို ပေးနိုင်ခြင်းတို့ကြောင့် ဖြစ်ပါလိမ့်မယ်။

ကျွန်ုပ်တို့ စီးပွားရေးလုပ်တဲ့ အခါမှာ လည်း အလားတူဖြစ်ပါတယ်။ သင့်ဘဝနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်များအတွက် သင့်သူငယ်ချင်းတွေ နဲ့ မိသားစုဝင်တွေက အကြံပေးအနေနဲ့ ရှိနေသလိုမျိုး သင့်၏ စီးပွားရေးလုပ်ငန်းအတွက်ကိုတော့  The Lab‌ အနေနဲ့  မတူညီသော SMEs များနှင့် လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံကောင်းတွေကို အခြေခံပြီး လိုအပ်တဲ့ အကြံပြုချက်တွေကို ပေးဆောင်နိုင်မယ့် သင့်အတွက် ယုံကြည်အားထားနိုင်မယ် သူငယ်ချင်းအနေနဲ့  ရှိနေမှာပါ။

ကျွန်ုပ်တို့ The Lab အနေနဲ့ မြန်မာနိုင်ငံရှိ ပြည်တွင်း MSME ပိုင်ရှင်များနှင့် စွန်ဦးတီထွင် လုပ်ငန်းရှင်များကို

စီးပွားရေးဆိုင်ရာ အကြံဉာဏ်ပေးခြင်း ဝန်ဆောင်မှုများပေးနေပါတယ်။ ကျွန်ုပ်တို့၏အကြံပြုချက်တွေဟာ အဆိုပါလုပ်ငန်းတွေအတွက် တန်ဖိုးတစ်ခုကို ယူဆောင်ပေးလာနိုင် ဖို့နဲ့ အကျိုးသက်ရောက်တဲ့ ပြောင်းလဲမှုတစ်ခု ရှိသွားစေဖို့ ဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ အကြံပြုချက်များသည် အကြံဥာဏ်အဖြစ်သာ တည်ရှိနေခြင်းမဟုတ်ဘဲ ထိုအကြံဥာဏ်များကို အကောင်အထည်ဖော် နိုင်ဖို့ အတွက် သင့်ရဲ့ စွမ်းရည်ကိုလည်းမြှင့်တင်ပေးခြင်း စတဲ့ အပို တန်ဖိုးများကို ပေးဆောင်နေတာလည်းဖြစ်ပါတယ်။

အောက်ဖော်ပြပါများသည် ပရောဂျက်တစ်ခုအပေါ် ကျွန်ုပ်တို့လုပ်ဆောင်ပုံအသေးစိတ်အဆင့်များဖြစ်ပါတယ်။

အကဲဖြတ်ခြင်း နှင့်ကနဦးဆွေးနွေးခြင်း – ပထမဦးစွာ သင့်လုပ်ငန်းနဲ့ ၎င်းရဲ့လိုအပ်ချက် များကို နားလည်ရန် အတွက် သင့်နဲ့အတူ အစည်းအဝေးတွေ့ဆုံဆွေးနွေးမှုတစ်ခုလုပ်ပါတယ်။

အဆိုပြုချက် – ဒုတိယအနေနဲ့ ကျွန်ုပ်တို့ရဲ့ နားလည်မှုအပေါ်အခြေခံပြီးတော့ သင့်လုပ်ငန်းရဲ့ လိုအပ်ချက်နဲ့ကိုက်ညီမယ့်၊ ဦးစားပေးလုပ်ဆောင်နိုင်မယ့် အရာတွေပါဝင်တဲ့ အဆိုပြုလွှာကို ပြင်ဆင်ပေးပါတယ်။ ၎င်း အဆိုပြုလွှာမှာတော့ လုပ်ငန်းနယ်ပယ်၊ ချဉ်းကပ်မှု နည်းလမ်းများ ၊ အချိန်ကာလနဲ့ အတူ ဘတ်ဂျက်စတာတွေပါဝင်ပါတယ်။

အတည်ပြုချက်ရယူခြင်း – ကျွန်ုပ်တို့ရဲ့  အဆိုပြုလွှာအပေါ် သင့်ဖက်က ဆွေးနွေးလိုတဲ့ အချက်အလက်များကို စေ့စပ်ညှိနှိုင်းမှုပြုလုပ်ဆွေးနွေးနိုင်ပါတယ်။ အဓိကအားဖြင့် လုပ်ငန်းနယ်ပယ်၊ ချဉ်းကပ်မှု နည်းလမ်းများ (သို့မဟုတ်) ဘတ်ဂျက်စတာတွေ ဖြစ်နိုင်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ မိတ်တွေတို့ရဲ့ လိုအပ်ချက်နှင့် တတ်နိုင်မှုတွေ အပေါ်မူတည်ပြီးတော့ ညှိနှိုင်း ပြုပြင်ပေးပါတယ်။

ပူးပေါင်းဆောင်ရွက်ခြင်း – နောက်ဆုံးအဆင့် အနေနဲ့ သဘောတူညီမှု ရရှိပြီးတာနဲ့ ပရောဂျက်ကို စတင်အကောင်အထည် ဖော်ပြီး တော့ လုပ်ငန်းဆောင်ရွက်မှုများအတွက် အဖွဲ့တစ်ဖွဲ့ကို စတင်ဖွဲ့စည်းပါတယ်။

ပြီးတော့ ဆွေးနွေးထားတဲ့အတိုင်း လုပ်ငန်းပြီးမြောက်မှုများကို သင်နှင့်အတူ ကျွန်ုပ်တို့ အတူတကွ လုပ်ဆောင်မည်ဖြစ်ပြီး၊ ပရောဂျက်၏ တိုးတက်မှုလုပ်ငန်းဆောင်တာများကို သင်တို့အား အသိပေးရန် ပုံမှန် အစည်းအဝေးများ ပြုလုပ်သွားမည်ဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ လုပ်ငန်းပြီးမြောက်မှု များ ပေးပို့ပြီးတော့  ပရောဂျက်ကို အပြီးသတ်တဲ့အခါ၊ မိတ်ဆွေတို့နဲ့အတူတူ လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံတွေအပေါ် မူတည်ပြီး အကြံပြုချက်များနှင့် တုံ့ပြန်ချက်များကို ပြန်လည်ပေးဆောင်ပြီး အဆုံးသတ်မှာဖြစ်ပါတယ်။

ကျွန်ုပ်တို့နှင့် လက်တွဲလုပ်ဆောင်ရန် စိတ်ပါဝင်စားပါက အရင်ဆုံး  ဦးစွာ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။ မိတ်ဆွေတို့အနေနဲ့ ဆက်လက် လက်တွဲမလုပ်ဆောင်သည့်တိုင်အောင် ကျွန်ုပ်တို့ အနေနဲ့  သင့်လုပ်ငန်းကို ကြီးထွားစေရန်နှင့် သင့်လိုအပ်ချက်များကို မည်ကဲ့သို့ ဖြည့်ဆည်းပေးနိုင်ပုံကို ခြုံငုံသုံးသပ်ချက်များ ပေးသွားမှာဖြစ်လို့ မိတ်ဆွေတို့အတွက် အချိန်လေးတစ်ခုပေးဖို့ဘဲလိုအပ်ပါတယ်။