ကျွမ်းကျင်မှုနှင့် ဝန်ဆောင်မှုများ

စီးပွားရေးလုပ်ငန်းငယ်များ၏ စိန်ခေါ်မှုများ၊ အခက်အခဲများကို ရှာဖွေဖော်ထုတ်ပြီး ကျော်လွှားနိုင်ရန် The Lab က ကူညီထောက်ပံ့‌ပေးပါသည်။ The Lab ရှိကျွမ်းကျင်သူအကြံပေးများက စီးပွားရေးမိတ်ဖက် (Client) များအားလုံးကို တူညီသောဖြေရှင်းချက်များဖြင့် ချဥ်းကပ်ခြင်းမပြုဘဲ ထူးခြားကွဲပြားသော အသိအမြင်များနှင့် အကြံပေးမှုများ  ပေးဆောင်နိုင်ရန် စီးပွားရေးမိတ်ဖက် (Client) တစ်ဦးချင်းစီနှင့် နီးကပ်စွာ လက်တွဲပူးပေါင်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ The Lab သည် လုပ်ငန်းများ၏ စီးပွားရေးခရီးလမ်းတွင် ယုံကြည်ရသည့် မိတ်ဆွေတစ်ဦးအဖြစ်သာမက အကြံပေးတစ်ဦးပမာ ရှိနေမည်ဖြစ်ပြီး စီးပွားရေးမိတ်ဖက် (Client) များနှင့်အတူ ကြီးပွားတိုးတက်စေရန် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။